ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ

Eden Centre for Disabled Children

၂၀၂၃ ခုနှစ် စက်တင်ဘာလ

(က) ဧဒင်ရိပ်မြုံကျောင်းနှင့်ပတ်သက်သောသတင်း

၂၀၂၃-၂၄ ပညာသင်နှစ်ကို ဇွန်လဆန်းမှစပြီး လူတွေ့နှင့်အွန်လိုင်းနှစ်မျိုးစလုံးဖြင့် စတင်ကာဝန်ဆောင်မှု ပေးနေပါသည်။ ယနေ့အထိ လက်ခံစာရင်းသွင်းသော မသန်စွမ်းကလေး (၂၈၀) ကျော်ရှိပါသည်။ ဝန် ဆောင်မှုလိုအပ်သောမသန်စွမ်းကလေးများ ပိုပြီးကူညီနိုင်ရန်အတွက် မနက်အုပ်စု၊ ညနေအုပ်စု၊ တစ် ပတ် (၂) ကြိမ်လာသောအုပ်စုနှင့် တစ်ပတ် (၃) ကြိမ်လာသောအုပ်စုဟူ၍ အုပ်စုလေးစုခွဲပြီး ဝန်ဆောင်မှု ပေးနေပါသည်။

စာသင်ခန်းပေါင်း (၉) ခန်း၊ လေ့ကျင့်ခန်းခန်းမ (၁) ခန်းတွင် ကျွမ်းကျင်ဝန်ထမ်းစုစုပေါင်း (၁၉) ယောက် မှ အထူးပညာရေး၊ ဦးဆောင်လမ်းပြပညာရေး၊ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းဝန်ဆောင်မှုများအ ပြင် အဟာရကြွေးမွေးခြင်းနှင့် မိသားစုအတွက်လူမှုရေးဝန်ဆောင်မှုများကိုလည်း လုပ်ဆောင်ပေးနေပါ သည်။

ဧဒင်ရိပ်မြုံသို့ လာရောက်နိုင်သောမသန်စွမ်းကလေးများအား လူတွေ့ဝန်ဆောင်မှုကိုပုံမှန်ပေးနေသည် သာမက နယ်ကလေးများအပါအဝင် ကိုယ်တိုင်မလာရောက်နိုင်သောကလေးများကိုလည်း အွန်လိုင်းဖြင့် ဝန်ဆောင်မှုများကို ဧဒင်ရိပ်မြုံမှကျွမ်းကျင်ဆရာမများက ပေးနေပါသည်။

ဧဒင်ရိပ်မြုံအနေဖြင့် မသန်စွမ်းကလေးမွေးသောမိဘများအား ကူညီနိုင်ရန်အတွက် မိသားစုအခြေပြု ပြန် လည်ထူထောင်ရေးအစီအစဥ်ကိုလည်း မိဘများအား တစ်ပတ်တစ်ခါဖုန်းဖြင့်ဆက်သွယ်ပြီး အားပေးခြင်း၊ အမြင်ဖွင့်ပေးခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်း၊ လိုအပ်သောအရင်းအမြစ်များပံ့ပိုးပေးခြင်းကိုလုပ်ဆောင် ပေးနေပါသည်။

(ခ)       ဧဒင်ရိပ်မြုံသင်တန်းဌာနနှင့်ပတ်သက်သောသတင်း

ဧဒင်ရိပ်မြုံအနေဖြင့် မသန်စွမ်းမှုလက်မှတ်ရသင်တန်းကို ပုံမှန်ပို့ချလာခဲ့ရာ အခုအခါ (၇) ကြိမ်မြောက်ရှိ လာပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းမှုအမြင်သစ် (Social Model of Disability) ဖြန့်နှံ့လာရေး သည် မသန်စွမ်းမှုဖွံ့ဖြိုးတိုးတက်လာရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်သည်ဟု ဧဒင်ရိပ်မြုံအနေ ဖြင့် ရှုမြင်ထားပါသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် iCare သူနာပြုသင်တန်းကျောင်းမှ ဆရာမလောင်း (၃) ယောက်ကိုလည်း အခြေခံဆရာမဖြစ်သင်တန်းကို စာတွေ့၊ လက်တွေ့ ဧဒင်ရိပ်မြုံတွင်ပို့ချပေးနိုင်ခဲ့ပါသည်။ အခြား မသန် စွမ်းကျောင်းဖွင့်လိုသူများရှိလာပါကလည်း ဧဒင်ရိပ်မြုံအနေဖြင့် တတ်နိုင်သည့်ဖက်မှအမြဲပံ့ပိုးကူညီရန် ရှိပါသည်။ မသန်စွမ်းမှုဆိုင်ရာသင်တန်းလိုအပ်သူတိုင်း ဆက်သွယ်နိုင်ပါသည်။

ဧဒင်ရိပ်မြုံသို့ရောက်ရှိလာသော မသန်စွမ်းကလေးမိဘများ၊ မိသားစုဝင်များကိုလည်း အခြေခံပြုစုစောင့် ရှောက်နည်းများကို အခွင့်အခါသင့်တိုင်းဝေမျှသင်ကြားပေးနေပါသည်။ ကလေးနှင့်ပတ်သက်သော အခွင့် အရေးများ၊ မသန်စွမ်းမှုအခြေအနေများ၊ အခြားဗဟုသုတများကိုလည်း အသိပညာပေးပါသည်။

မသန်စွမ်းမှုနှင့်ပတ်သက်ပြီး သင်တန်းလိုအပ်သောသူများကိုလည်း လိုအပ်ချက်အလိုက်လုပ်ဆောင်ပေး နေပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ပထမအပတ်နှင့်ဒုတိယအပတ်များတွင် မိုးရွာသွန်းမှုများလာသောကြောင့် ရေကြီးရေလျှံလာသဖြင့် အဆောက်အဦးများရေမြုပ်လာသောကြောင့် မြောင်းတကာရှိ အကျုံးဝင်မူကြို ကျောင်းကိုလည်း ခေတ္တယာယီပိတ်ထားနေရပါသည်။ 

(ဂ)       အခြားလှုပ်ရှားမှုများနှင့် ပတ်သက်သောသတင်းများ

ဧဒင်ရိပ်မြုံ၏ ပထမဦးဆုံးစံပြအကျုံးဝင်မူကြိုကျောင်းကို မြောင်းတကာ၊ မှော်ဘီမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လမှစပြီးဖွင့်လှစ်နိုင်ခဲ့ပါသည်။ လက်ရှိတွင် ရပ်ကွက်အတွင်းရှိကလေး (၉) ယောက်ရှိပြီး မသန်စွမ်းက လေး (၄) ယောက်ပါပါသည်။ ဧဒင်ရိပ်မြုံတွင် မသန်စွမ်းကလေးများကို ပညာသင်ပေးခြင်း၊ လေ့ကျင့်ခန်း လုပ်ပေးခြင်းတို့နှင့်ပတ်သက်သောအတွေ့အကြုံရှိသည့် ဆရာမနှစ်ဦးက ဦးဆောင်လုပ်ပေးနေပါသည်။

လက်ရှိတွင် ဧဒင်ရိပ်မြုံအနေဖြင့် မသန်စွမ်းမှုနှင့်ပတ်သက်သောစီမံကိန်းအချို့ကို ချင်းပြည်နယ်ရှိမြို့နယ် အချို့တွင် အကောင်အထည်ဖော်လုပ်ဆောင်နေပါသည်။ လက်ရှိခက်ခဲလွန်းသောအခြေအနေတွင် မသန် စွမ်းသူများသည်အခြားသူများထက်ပိုပြီး လိုအပ်ချက်များနေပါသည်။ မသန်စွမ်းသူများအတွက် ထိုလတ် တလောလို အပ်ချက်များကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးနေပါသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဦးဆောင်လမ်းပြပညာရေးကျွမ်းကင်သူ ဆရာဝူလာရောက်ပြီး သက်ဆိုင်ရာ ဆရာမများကို လိုအပ်သောဆွေးနွေးအကြံပေးခြင်း၊ သင်တန်းပေးခြင်း၊ မသန်စွမ်းကလေးများ၏အိမ်သို့ ကိုယ်တိုင်သွားရောက်ကာ လိုအပ်သောဝန်ဆောင်မှုများကို အနီးကပ်ပြုလုပ်ခြင်းများ လုပ်ဆောင်ပေးခဲ့ပါ သည်။ ဧဒင်ရိပ်မြုံ၏ဝန်ဆောင်မှုပေးသည့် ကများကိုလည်း အနီးကပ်လေ့လာ၊ ဆွေးနွေးပေးပြီး တိုး တက်ရန်လိုအပ်နေသည့် နည်းပညာနှင့်အကြံပေးခြင်းများကိုလည်း မေတ္တာဖြင့်ပေးသွားပါသည်။

(ဃ)     မကြာမှီပြုလုပ်မည့် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းစဥ်များ

ဧဒင်ရိပ်မြုံသည် အမြတ်အစွန်းအတွက်မဟုတ်သော ပရဟိတလုပ်ငန်းဖြစ်သည့်အားလျော်စွာ ရန်ပုံငွေရှာ ဖွေသည့် လှုပ်ရှားမှုများကိုလုပ်ဆောင်နေပါသည်။ ယခုစာသင်နှစ်အတွက် ကြိုတင်အစီအစဥ်ရေးဆွဲ ထား ခဲ့သည့်အတိုင်း ကံစမ်းမဲဖေါက်ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်ကံစမ်းမဲဖွင့်ရန်စီစဥ်နေပါသည်။ ခက်ခဲနေသည့်ယနေ့ကာလတွင် မသန်စွမ်းကလေးရှိနေသောမိသားစုများသည်လည်း အများစုနှင့်အတူ ဘဝကိုခက်ခဲပင်ပန်းစွာရုန်းကန်နေကြရပါသည်။ မိဘပြည်သူများအနေဖြင့် ကူညီလက်ကမ်းပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။