မသန်စွမ်းကလေးများကို တန်ဖိုးထားချစ်ပြီး အခွင့်အရေးလက်လှမ်းမီနေသောကြောင့် တိုးတက်နေကာ မသန်စွမ်းကလေးနှင့်အတူ ပျော်ရွှင်နေသည့်မိသားစု
မသန်စွမ်းကလေးများအား မေတ္တာဖြင့် ဝန်ဆောင်မှုပေးရန်နှင့် အကျုံးဝင်ပျော်ရွှင်သော လူမှုအသိုက်အဝန်းကိုတည်ဆောက်ရန်
၁။ မသန်စွမ်းကလေးများဖွံ့ဖြိုးတိုးတက်ရန်အတွက် အရည်အသွေးရှိဝန်ဆောင်မှုများပေးရန်
၂။ မိဘနှင့်အဓိကပြုစုသူများအား ဗဟုသုတနှင့် ကျွမ်းကျင်မှု
စွမ်းရည်မြှင့်တင်ပေးရန်
၃။ သန်စွမ်းမှုအမြင်သစ်ကို အမြင်ဖွင့်ပေးရန်
၄။ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် အကျုံးဝင်မှုဆိုင်ရာအလေ့အထနှင့်
မူဝါဒများခိုင်မာလာရန်
၅။ ဧဒင်ရိပ်မြုံ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့မှုကို
သေခြာစေရန်
ဧဒင်ရိပ်မြုံအနေဖြင့် မိမိ၏ရည်ရွယ်ချက်များပြည့်မှီရန် အတွက် အဓိကအစီအစဥ်ကြီးလေးခုချမှတ်ကာ
လုပ်ဆောင်နေပါသည်။ ထိုအစီအစဥ်များမှာ -
ရည်မှန်းချက် -
မသန်စွမ်းကလေးများအားလက်လှမ်းမီချိတ်ဆက်ပြီး
လိုအပ်နေသောဝန်ဆောင်မှုများပေးခြင်း ဖြင့် အကောင်းဆုံးတိုးတက်လာကြရန်နှင့်
မိဘများနှင့်အဓိကပြုစုသူများအား ဗဟုသုတများနှင့် အခြေခံပြုစုနည်း
စွမ်းရည်မြှင့်တင်ပေးရန်။
အကြောင်းပြချက် -
မြန်မာနိုင်ငံ၏လက်ရှိအခြေအနေတွင်
မသန်စွမ်းကလေးမြောက်များစွာသည် လိုအပ်နေ သောဝန်ဆောင်မှုများ
လက်လှမ်းမီရရှိနိုင်ခြင်းမရှိကြပါ။ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းအများစုသည်
မြို့ပေါ်တွင် သာရှိနေကြပြီး ကျေူလက်တွင်မရှိသလောက်ဖြစ်နေပါသည်။
ဝန်ဆောင်မှုများ -
ဧဒင်ရိပ်မြုံသည်
မသန်စွမ်းကလေးများအနေဖြင့် သူတို့ရသင့်ရထိုက်သော ပညာရေးနှင့်
အခြားဝန်ဆောင်မှုများလက်လှမ်းမီရရှိနိုင်ရေးအတွက်
အောက်ဖေါ်ပြပါအစီအစဥ်နှင့်လုပ်ငန်းများကို လုပ်ဆောင် နေပါသည် -
- အထူးကျောင်းဝန်ဆောင်မှု
- စီမံကိန်းများဖေါ်ဆောင်ခြင်းဖြင့်
ရပ်ရွာအခြေပြုဝန်ဆောင်မှု၊ အိမ်တိုင်ယာရောက်ဝန်ဆောင်မှု
- အွန်လိုင်းဖြင့်ဝန်ဆောင်မှုပေးခြင်း
- မိသားစုအခြေပြု ပြန်လည်ထူထောင်ရေးဝန်ဆောင်မှု
ရည်မှန်းချက်
- ပြည်သူလူထုအား
မသန်စွမ်းသူများ၏စွမ်းဆောင်နိုင်မှု၊ သူတို့ဘဝတန်ဖိုးရှိမှုတို့ကို သိရှိလက်ခံ
လာခြင်းအားဖြင့် နေ့စဥ်လူနေမှုဘဝတွင် ပိုမိုအကျုံးဝင်လာကြရန်။
အကြောင်းပြချက်
- မြန်မာနိုင်ငံတွင်
ယနေ့အထိ မသန်စွမ်းမှုအမြင်ဟောင်ကလွှမ်းမိုးနေဆဲဖြစ်သည်။ မသန်
စွမ်းသူများကိုယ်တိုင် အခန်းကတိုင်းတွင် တက်ကြွစွာပါဝင်လာရေးကိုတိုးမြှင့်ရန်။
ဝန်ဆောင်မှုများ - မသန်စွမ်းမှုဆိုင်ရာစီမံကိန်းများကို
ရေးဆွဲအကောင်အထည်ဖေါ်ရန်၊ မသန်စွမ်းမှုအမြင် သစ်ကို
ပြည်သူလူထုကြားတိုးမြှင့်အသိပညာပေးရန်နှင့် ပညာရေးအပါအဝင်
အခန်းကတိုင်းတွင်အကျုံးဝင်လာ ရန်။
ရည်မှန်းချက်
- အောက်ခြေမှအမျိုးသားအဆင့်အထိ
မသန်စွမ်းကမှအကျုံးဝင်သက်ဆိုင်သူများအား စွမ်းရည် မြှင့်တင်ရန်၊
အသ်ပညာပေးအမြင်ဖွင့်ရန်၊ သင်တန်းများ၊ သုတေသနများ၊ ကွန်ယက်များနှင့်
အရေးဆိုခြင်းများလုပ် ဆောင်ရန်။
အကြောင်းပြချက်
- ဖွံ့ဖြိုးဆဲနိုင်ငံတစ်ဖြစ်သည့်အားလျော်စွာ
မြန်မာနိုင်ငံတွင်မသန်စွမ်းမှုအခန်းကသည် အလွန်အားနည်းနေပြီး
ယခုထက်အများကြီးတိုးတက်ရန်လိုနေပါသည်။
ဝန်ဆောင်မှုများ
-
စွမ်းဆောင်ရည်မြှင့်တင်ြခင်းဆိုင်ရာသင်တန်းများကို
မသန်စွမ်းသူများအတွက်သာမက အခြားအကျုံးဝင်သက်ဆိုင်သူများအားလုံးအတွက်
စီစဥ်ဆောင်ရွက်ရန်၊ သုတေသနနှင့်ခိုင်လုံသောအထောက် အထားများတည်ဆောက်ရန်၊
လက်တြွပူးပေါင်းဆောင်ရွက်ရန်နှင့် အရေးဆိုရန်။
ရည်မှန်းချက်
- မသန်စွမ်းလောကတွင်
ဦးဆောင်သည့်အခန်းကမှအမြဲပါဝင်နိုင်ရန်နှင့် ထိရောက်သော ဝန် ဆောင်မှုများကို
မသန်စွမ်းကလေးများအား စဥ်ဆက်မပြတ်ပေးဆောင်နိုင်ရန်၊ မသန်စွမ်းနှင့်ပတ်သက်သောသင်
တန်းများ လိုအပ်သလိုအမြဲလုပ်ဆောင်ခြင်းဖြင့်
နိုင်ငံတိုးတက်ရေးတွင်ပါဝင်လုပ်ဆောင်နေရန်။
အကြောင်းပြချက်
- မသန်စွမ်းသူများ၏ဘဝတိုးတက်မြှင့်တင်လာရန်အတွက်
လိုအပ်ချက်များစွာ၊ တောင်း ဆိုမှုများစွာရှိနေချိန်တွင် ဧဒင်ရိပ်မြုံအနေဖြင့်
ထိရောက်စွာပူးပေါင်းပါဝင်နိုင်ရန်လိုအပ်နေသောကြောင့်။
ဝန်ဆောင်မှုများ - ဧဒင်ရိပ်မြုံမိသားစုဝင်များ၏
စွမ်းဆောင်ရည်ကိုအမြဲတမ်းမြှင့်တင်ပေးရန်၊ အခြား အကျုံးဝင်သက်ဆိုင်သူများနှင့်
လက်တွဲဆောင်ရွက်ရန်နှင့် အဖွံ့အစည်းကိုနည်းပညာတိုးမြှင့်ရန်။
မသန်စွမ်းမှုသည် လူ့ကိုယ်ခန္ဓာပေါ်တွင်ရှိသောချို့ယွင်းချက်များကြောင့်မဟုတ်၊
နေ့စဥ်ကြင်လည်နေကြရသော လူမှုအဖွဲ့အစည်းတွင်ကျင့်သုံးနေသော အတားအဆီးများကြောင့် ချို့ယွင်းချင်ရှိနေသူများအနေဖြင့်
အဆင်မပြေ ဖြစ်နေသည့် ယာယီအခြေအနေတစ်ခုသာြဖစ်သည်။ ထိုအတားအဆီးများကိုဖယ်ရှားပေးပါက မသန်စွမ်းသူများ
အနေဖြင့် ကိုယ်ကံကြမ္မာကို ကိုယ်တိုဖန်တီးလာနိုင်ကြမည်ဖြစ်သည်။
Twin track ချဉ်းကပ်မှုတွင် မသန်စွမ်းကလေးများတစ်ဦးချင်းစီအတွက် ပံ့ပိုးမှုပေးခြင်း၊ တစ်ချိန်တည်းတွင် ယေဘုယျပါဝင်သော မဟာဗျူဟာများကို မြှင့်တင်ခြင်းတို့ပါဝင်သည်။
သမားရိုးကျ ပညာရပ်များကြား နယ်နမိတ်များကို ဖျက်သိမ်းကာ လက်တွေ့ကမ္ဘာပြဿနာများ သို့မဟုတ် ခေါင်းစဉ်များအတွင်း အဓိပ္ပာယ်တည်ဆောက်မှုတည်ဆောက်မှုဝန်းကျင်တွင် သင်ကြားမှုနှင့် သင်ယူမှုကို စုစည်းပေးသည့် သင်ရိုးပေါင်းစပ်ခြင်းဆိုင်ရာ ချဉ်းကပ်မှု။
FBR တွင် မိဘများအား ၎င်းတို့၏ အထူးကလေးငယ်၏ အလားအလာကို မြှင့်တင်ရန် ၎င်းတို့၏ အထူးအရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ မိဘများအား အခြေခံ မရှိမဖြစ်လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုတို့ကို ဖြည့်ဆည်းပေးကာ မသန်စွမ်းကလေးများ၏ အဓိပ္ပါယ်ရှိသော ကလေးဘဝရရှိရန် မေတ္တာဖြင့် နွေးထွေးစွာ အနီးကပ် ပံ့ပိုးပေးခြင်းတို့ ပါဝင်ပါသည်။ FBR သည် မိဘများနှင့် မသန်စွမ်းကလေးများပါ၀င်သည့် မိသားစုဘဝ၏တန်ဖိုးနှင့် စိတ်ဓာတ်ကို ပြန်လည်နိုးထစေပြီး ၎င်းကို ပျော်ရွှင်စေသည်။
‘Senior
Management Team (SMT)’ is the main and highest decision-making body of the
organization. SMT was formed with managing director, two program coordinator
and five department managers.
အဆင့်မြင့်စီမံအဖွဲ့သည် အဖွဲ့အစည်း၏အမြင့်ဆုံးသော ဆုံးဖြတ်ပိုင်ခွင့်ပေးသူများဖြစ်သည်။
မန်နေးဂျင်းဒါရိုက် တာ၊ အစီအစဥ်ညှိနှိုင်းရေမှူး နှစ်ယောက်၊ လုပ်ငန်းဌာနမန်နေဂျာငါးယောက်၊
စုစုပေါင်းရှစ်ယောက်ဖြင့်ဖွဲ့စည်း ထားပါသည်။
Managing Director
Programme Coordinator
(Outreach)
Program Coordinator
(Day Care)
Special Education Manager & Training Manager
Administration Manager
Rehabilitation Manager
Conductive Education Manager
Finance manager