ကျွန်တော်တို့၏အရင်းအမြစ်များ
ဧဒင်ရိပ်မြုံသည်
ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းကလေးများ၏လိုအပ်နေသောဝန်ဆောင်မှုများကိုပေးဆောင်ရန်အ
တွက် ရည်ရွယ်ပြီးနိုင်ငံသားများမှဖွင့်လှစ်ထားသည့်
ပရဟိတလုပ်ငန်းတစ်ခုဖြစ်ပြီး
မြန်မာပြည်တွင်အဦးဆုံးသောအဖွဲ့
အစည်းဖြစ်ပါသည်။ အဓိကဦးတည်ချက်တစ်ခုမှာ မသန်စွမ်းကလေးများအနေဖြင့် မိမိတို့ဆုံးရှုံးနေသောမွေရာပါအခွင့်
အရေးများဖြစ်သည့် ပြန်လည်ထူထောင်ရေး၊ ပညာရေးနှင့် ကလေးတစ်ဦး၏အခွင့်အရေးများကို
အခြားကလေးများ နည်းတူရရှိခံစားနိုင်ရန်အတွက်
ကူညီပေးရန်ဖြစ်ပါသည်။
ဧဒင်ရိပ်မြုံသည်
ဝန်ဆောင်မှုပေးနေသောနေရာသာမက
မသန်စွမ်းနှင့်ပတ်သက်သည်ကျွမ်းကျင်မှုများ၊
စာအုပ်စာပေများ၊ အသိပညာစသည့် အခြားအရင်းအမြစ်များကိုပါရရှိနိုင်သောနေရာတစ်ခုဖြစ်ပါသည်။
အနာဂတ်တွင်လည်း ဧဒင်ရိပ်မြုံအနေ ဖြင့်
မသန်စွမ်းလောကနှင့် နယ်ပယ်အတွက် လိုအပ်နေသောအရင်းအမြစ်များရရှိနိုင်သည့်
အဖွဲ့အစည်းဖြစ်နေခြင်းဖြင့်
မသန်စွမ်းကဏ္ဍတွင်ဦးဆောင်သည့်အနေအထားရယူရန်ရည်ရွယ်လုပ်ဆောင်နေပါသည်။
လက်ရှိတွင်
ဧဒင်ရိပ်မြုံအနေဖြင့်
အောက်ဖေါ်ပြပါအရင်းအမြစ်များကို
ဖြန့်ဝေပေးနေပါသည်။
(က)
ဧဒင်ရိပ်မြုံ၊ အင်းစိန်အဆောက်အဦးတွင်ရှိသော
သင်တန်းခန်းမ၊
(ခ) မသန်စွမ်းကလေးများအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ အားပြုကရိယာများ၊
(ဂ) မှော်ဘီမြို့နယ်၊ မြောင်းတကာရှိ စီဒီဒီ
သင်တန်းကျောင်းရှိ အဆောက်အဦးနှင့် အသုံးအဆောင်
ဧဒင်ရိပ်မြုံသည် ၂၀၁၂ ခုနှစ်မှစပြီး မသန်စွမ်းမှုနှင့်ပတ်သက်သော အင်္ဂလိပ်နှင့် မြန်မာစာပေများကို စုဆောင်းကာ မသန်စွမ်းနှင့်ပတ်သက်သောစာကြည့်တိုက်တစ်ခုကို တည်ထောင်ခဲ့ပါသည်။ ယခုအခါ မသန်စွမ်း မှုနှင့်ပတ်သက်သော စာအုပ်စုစုပေါင်း (၁၂၀၀) ကျော်စုထားပြီးဖြစ်ပါသည်။
ဧဒင်မသန်စွမ်းစာကြည့်တိုက်တွင် မသန်စွမ်းမှုဆိုင်ရာစာအုပ်များ၊ အထူးပညာရေးဆိုင်ရာစာအုပ်များ၊ မသန်စွမ်းမှုအမျိုးအစားဆိုင်ရာစာအုပ်များ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ Physiotherapy, Occupational Therapy, Speech Therapy, Music Therapy စာအုပ်များ၊ အသိပညာပေးခြင်းနှင့် ပတ်သက်သောစာအုပ် များ၊ သုတေသနနှင့် ဘွဲ့ရရှိရန်အတွက် ကျမ်းပြုထားသောစာများ အမျိုးစုံရှိပါသည်။
မြန်မာဘာသာဖြင့်ရေး သားထားသော မသန်စွမ်းဆိုင်ရာစာအုပ်၊ စာပေများ၊ မဂဇင်းများ၊ မသန်စွမ်းသူများပါဝင်ရိုက်ကူးထားသည့် စီဒီအခွေများ၊ soft copy များလည်းရှိပါသည်။ အင်တာနက် ဝိုင်ဖိုင်လည်းအသုံးပြုနိုင်ပါသည်။ မသန်စွမ်းမှုကို စိတ်ဝင်စားသူများအားလုံး အချိန်မရွေးလာရောက်လည်ပတ် လေ့လာနိုင်ပါသည်။ ဖိတ်ခေါ်ပါသည်။